စင်ကာပူနိုင်ငံတွင် လာမည့် ၂၀၂၆ ခုနှစ်၊ ဧပြီ ၁ ရက်မှစတင်ကာ အကောင်အထည်ဖော်မည့် Beverage Container Return Scheme (BCRS) အစီအစဉ်အတွက် အလိုအလျောက် ဘူးခွံလက်ခံစက် (Reverse Vending Machines) များကို Pasir Ris၊ Punggol နှင့် Tiong Bahru စသည့် လူစည်ကားရာနေရာများ၌ ပထမဆုံးအသုတ်အဖြစ် စတင်တပ်ဆင်နေပြီဖြစ်သည်။ အဆိုပါစနစ်အရ စားသုံးသူများသည် ပလတ်စတစ် သို့မဟုတ် သတ္တုဘူးဖြင့် ထုပ်ပိုးထားသော အဖျော်ယမကာများ ဝယ်ယူရာတွင် စပေါ်ငွေအဖြစ် စင်ကာပူဒေါ်လာ ၀.၁၀ (၁၀ ဆင့်) အပိုပေးဆောင်ရမည်ဖြစ်ပြီး သောက်သုံးပြီးနောက် ဘူးခွံများကို အဆိုပါစက်များတွင် ပြန်လည်အပ်နှံပါက မိမိတို့ပေးထားသည့် စပေါ်ငွေကို ပြန်လည်ရရှိမည်ဖြစ်သည်။ စနစ်စတင်မည့် ဧပြီလတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပ်နှံရန်နေရာပေါင်း ၁,၀၀၀ ခန့် ရှိလာမည်ဖြစ်ပြီး နောက်တစ်နှစ်အတွင်း စက်အရေအတွက်ကို နှစ်ဆအထိ တိုးမြှင့်သွားရန် လျာထားကြောင်း သိရသည်။
Feb 25 • 6:37 AM
Singapore
Local News
Share
| 6 | 0 | 0 | 0 |


