မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က ၎င်းတို့အသင်း၏ နံပါတ်တစ်ဂိုးသမား လမ်မန်းစ် (Sander Lemmens) ၏ စွမ်းဆောင်ရည်နှင့် တည်ငြိမ်မှုမှာ ဂန္ထဝင်ဂိုးသမား ဗန်ဒါးဆားနှင့်ပင် ဆင်တူကြောင်း ချီးကျူးစကားပြောကြားခဲ့သည်။ အဲဗာတန်ကို အနိုင်ရရှိခဲ့သည့်ပွဲတွင် လမ်မန်းစ်၏ လက်စွမ်းပြမှုကြောင့် ယူနိုက်တက်သည် တစ်နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်း Clean Sheet ရရှိခဲ့ပြီးနောက် ကာရစ်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နွေရာသီက ပေါင် ၁၈ သန်းဖြင့် ရောက်ရှိလာသည့် လမ်မန်းစ်သည် အသင်း၏ ယုံကြည်စိတ်ချရသော ဂိုးသမားတစ်ဦး ဖြစ်လာခဲ့ပြီး၊ ၎င်းအား ခေါ်ယူရန်အတွက် ဝါရင့်ဂိုးသမား မာတီနက်ဇ်ထက် လမ်မန်းစ်ကိုသာ ခေါ်ယူရန် ဂိုးကင်းထောက် တိုနီကော်တွန်က အကြံပြုတိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Feb 25 • 6:27 AM
Myanmar
International
Share
| 19 | 0 | 0 | 0 |


