ရီးယဲလ်မက်ဒရစ်အသင်း၏ အဓိကကွင်းလယ်လူ ဘယ်လင်ဂမ်နှင့် နောက်ခံလူ မီလီတိုတို့သည် ဒဏ်ရာများကြောင့် လာမည့် ဧပြီလဆန်းပိုင်းမှသာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ဒဏ်ရာရရှိခဲ့သည့် မီလီတိုသည် ၄ လနီးပါး အနားယူခဲ့ရပြီး၊ ဖေဖော်ဝါရီလအတွင်း ဒဏ်ရာရခဲ့သည့် ဘယ်လင်ဂမ်မှာလည်း အစောပိုင်းခန့်မှန်းချက်ထက် ပိုမိုအနားယူခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းတို့နှစ်ဦးစလုံးသည် အသင်းနှင့်အတူ လေ့ကျင့်ခန်းများ ပြန်လည်ဆင်းနေပြီဖြစ်သော်လည်း ရီးယဲလ်အသင်းက ကစားသမားများ၏ ကြွက်သားဒဏ်ရာ အခြေအနေကြောင့် ဧပြီလရောက်မှသာ အသုံးပြုရန် ဆုံးဖြတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
Feb 25 • 6:26 AM
Myanmar
International
Share
| 20 | 0 | 0 | 0 |


