back

ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံ သံရုံးဖေဖော်ဝါရီ (၂၈) ရက်မှစတင်၍ ပိတ်သိမ်းမည်

Feb 25 • 6:24 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံ သံရုံးဖေဖော်ဝါရီ (၂၈) ရက်မှစတင်၍ ပိတ်သိမ်းမည်

ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ကာ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ယနေ့တွင် တရားဝင်ကြေညာခဲ့သည်။ သံရုံးပိတ်သိမ်းပြီးနေ...

ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံးကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ကာ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း ယနေ့တွင် တရားဝင်ကြေညာခဲ့သည်။ သံရုံးပိတ်သိမ်းပြီးနောက် ပတ်စ်ပို့၊ နေထိုင်ခွင့်လျှောက်လွှာနှင့် နိုတြီထောက်ခံစာများအပါအဝင် ကောင်စစ်ဝန်ဆောင်မှုအားလုံးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဖင်လန်သံရုံးမှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဗီဇာနှင့်ပတ်သက်သော ဝန်ဆောင်မှုများကိုမူ ဂျာမနီနိုင်ငံသံရုံးက ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ နေထိုင်ခွင့်လျှောက်ထားလိုသူများအနေဖြင့် ဘန်ကောက်သံရုံး၏ အီးမေးလ်များသို့ ဆက်သွယ်ရန်နှင့် အခြားအထွေထွေကိစ္စရပ်များအတွက် ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်အာရှနှင့် အရှေ့တောင်အာရှဌာနသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

news-view-count-icon

15