back

ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်မီးလောင် ၃ နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရ

Feb 25 • 6:23 AM

breaking-news

Myanmar

Magway

cover

ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်မီးလောင် ၃ နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ကန်ဇွန်းမ သွားကားလမ်းဘေးရှိ "ဖူးသိမ့်" စက်သုံးဆီအရောင်းဆိုင်တွင် ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၃ နာရီ ၂၀ မိနစ်ခန့်က မီးလ...

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ကန်ဇွန်းမ သွားကားလမ်းဘေးရှိ "ဖူးသိမ့်" စက်သုံးဆီအရောင်းဆိုင်တွင် ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၃ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ညနေ ၆ နာရီခွဲခန့်တွင်မှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကို ဆိပ်ဖြူနှင့် ချောက်မြို့နယ်တို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်သမားများနှင့် လူမှုကူညီရေးအသင်းသားများက ၃ နာရီကျော်ကြာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရပြီး လက်ရှိတွင် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးပမာဏကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးတွက်ချက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

18