back

အာဆီယံအမျိုးသမီးချန်ပီယံရှစ် အုပ်စုအဖွင့်ပွဲစဉ်အတွင်း ၁ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် မြန်မာဖူဆယ် အမျိုးသမီးအသင်း

Feb 25 • 6:22 AM

breaking-news

Myanmar

Local

cover

အာဆီယံအမျိုးသမီးချန်ပီယံရှစ် အုပ်စုအဖွင့်ပွဲစဉ်အတွင်း ၁ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့် မြန်မာဖူဆယ် အမျိုးသမီးအသင်း

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကစားခဲ့သော အုပ်စုအဖ...

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကစားခဲ့သော အုပ်စုအဖွင့်ပွဲစဉ်၌ ဖိလစ်ပိုင်အသင်းကို ၁ ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် အုပ်စု (ခ) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဩစတြေးလျတို့နှင့်အတူ ကျရောက်နေပြီး ကစားသမား ၁၄ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ဩစတြေးလျအသင်းနှင့်လည်းကောင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဗီယက်နမ်အသင်းနှင့်လည်းကောင်း ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

18