back

တက္ကသိုလ်ဝင် စာမေးပွဲတွင် အသစ်ထည့်သွင်းလိုက်သည့် စက်မှု၊စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာတွဲဖြင့် ဧရာ၀တီတိုင်းမှ ကျောင်းသား၊ကျောင်းသူ ၃၆၇ ဦး ဝင်ရောက်ဖြေဆိုမည်

Feb 25 • 6:21 AM

breaking-news

Myanmar

Local

cover

တက္ကသိုလ်ဝင် စာမေးပွဲတွင် အသစ်ထည့်သွင်းလိုက်သည့် စက်မှု၊စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာတွဲဖြင့် ဧရာ၀တီတိုင်းမှ ကျောင်းသား၊ကျောင်းသူ ၃၆၇ ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အသစ်ထည့်သွင်းလိုက်သည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာတွဲများဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျေ...

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အသစ်ထည့်သွင်းလိုက်သည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာတွဲများဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၆၇ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ အဆိုပါဘာသာတွဲများတွင် မြို့ပြပုံဆွဲ၊ လျှပ်စစ်၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာတွဲများ ပါဝင်ပြီး ပုသိမ်၊ ကန်ကြီးထောင့်၊ ကြံခင်း၊ မအူပင်၊ ညောင်တုန်းနှင့် ဒေးဒရဲရှိ စာစစ်ဌာန (၆) ခု၌ မတ်လ ၁၁ ရက်နေ့တွင် Grade 12 တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့်အတူ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင် လာမည့် ဇွန်လတွင် စတင်မည့် ပညာသင်နှစ်မှစ၍ Grade 6 မှ Grade 9 အထိ အလယ်တန်းအဆင့်များတွင်လည်း အဆိုပါ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘာသာရပ်များကို ထည့်သွင်းသင်ကြားနိုင်ရန် သင်ရိုးများ ပြန်လည်ရေးဆွဲနေကြောင်း သိရသည်။

news-view-count-icon

37