back

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန် ထောက်ခံရေး ဆွေးနွေး

Feb 25 • 6:06 AM

breaking-news

China

Local News

cover

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန် ထောက်ခံရေး ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားနှင့် ဖေဖော်ဝါရီ ၂၄ ရက်က နေပြည်တော်၌ တွေ့ဆုံပြီး နှစ်နိ...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားနှင့် ဖေဖော်ဝါရီ ၂၄ ရက်က နေပြည်တော်၌ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အကောင်အထည်ဖော်ရေးနှင့် ဒေသတွင်း၊ နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန် ထောက်ခံရပ်တည်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံမှုအတွင်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည့်အပြင် နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက်သွားရန် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

1