လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဖေဖော်ဝါရီ ၂၄ ရက်က ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်ကာ ဒေသခံများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေမှုနှင့် e-ID စနစ်ဖြင့် Biographic/Biometric အချက်အလက်ကောက်ယူ၍ Unique ID နံပါတ်ထုတ်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် One Stop Service စနစ်ဖြင့် ပြီးမြောက်ခဲ့သည့် မှတ်ပုံတင်နှင့် Unique ID ကတ်ပြားများကို ကာယကံရှင်များထံ ကိုယ်တိုင်ပေးအပ်ခဲ့ပြီး၊ ထို့နောက် မြောင်းမြမြို့ရှိ အာဇာနည်ပရိယတ္တိစာသင်တိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Feb 25 • 6:04 AM
Myanmar
Ayeyarwady
Share
| 35 | 0 | 0 | 0 |


