back

ထိုင်း ဗဟိုဘဏ်က ဘတ် ၅ သန်းကျော် ငွေထုတ်သူတွေ ဘဏ်ကို အကြောင်းပြချက်ပေးရမယ့် စည်းမျဉ်းအသစ်ကို ထုတ်ပြန်တော့မည်

Feb 25 • 5:16 AM

breaking-news

Thailand

Local News

cover

ထိုင်း ဗဟိုဘဏ်က ဘတ် ၅ သန်းကျော် ငွေထုတ်သူတွေ ဘဏ်ကို အကြောင်းပြချက်ပေးရမယ့် စည်းမျဉ်းအသစ်ကို ထုတ်ပြန်တော့မည်

ထိုင်းနိုင်ငံဗဟိုဘဏ် (BOT) ဟာ ဘတ်ငွေ ၅ သန်းအထက် ငွေသားထုတ်ယူမှုတွေအတွက် အကြောင်းရင်းဖော်ပြရမယ့် စည်းမျဉ်းသစ်တွေ ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။ ဘတ်ငွေ ၅ သန်းကျော်...

ထိုင်းနိုင်ငံဗဟိုဘဏ် (BOT) ဟာ ဘတ်ငွေ ၅ သန်းအထက် ငွေသားထုတ်ယူမှုတွေအတွက် အကြောင်းရင်းဖော်ပြရမယ့် စည်းမျဉ်းသစ်တွေ ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။ ဘတ်ငွေ ၅ သန်းကျော် ထုတ်ယူသူတွေအနေနဲ့ ငွေကို ဘယ်နေရာမှာ သုံးမယ်ဆိုတာ တိတိကျကျ ရှင်းပြရမှာဖြစ်ပြီး မရှင်းပြနိုင်ရင် ဘဏ်ဝန်ဆောင်မှု ရယူရာမှာ ကန့်သတ်ချက်တွေ ရှိလာနိုင်ပါတယ်။ တရားမဝင် ငွေကြေးခဝါချမှုတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ရွေးကောက်ပွဲကာလနားမှာ တွေ့ရတတ်တဲ့ မသင်္ကာစရာ ငွေထုတ်ယူမှုတွေကို တားဆီးဖို့အတွက် အဲဒီအချက်အလက်တွေကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (AMLO) နဲ့ ငွေချေးသက်သေခံလက်မှတ်နဲ့ စတော့အိတ်ချိန်းကော်မရှင် (SEC) တို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ဒီစည်းမျဉ်း လမ်းညွှန်ချက်တွေကို မတ်လဆန်း ဒါမှမဟုတ် လလယ်လောက်မှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဘတ် ၅ သန်းအထက် ငွေသွင်းမှုတွေကိုပါ ထည့်သွင်းစဉ်းစားမှာဖြစ်သလို၊ ငွေထုတ်ယူခွင့် ကန့်သတ်ချက်ကိုလည်း အနာဂတ်မှာ ဘတ် ၃ သန်းအထိ လျှော့ချသွားဖို့ စီစဉ်နေပါတယ်။


news-view-count-icon

14