စစ်ကိုင်းမြို့ရှိ "ထက်" ကိုယ်ပိုင်အထက်တန်းကျောင်းမှ စာမေးပွဲဖြေဆိုခွင့် သတ်မှတ်ချက်နှင့် မကိုက်ညီသည့် Grade-5 နှင့် Grade-9 ကျောင်းသား ၁၆၁ ဦးအား ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးခဲ့သည့် စစ်ကိုင်းခရိုင်ပညာရေးမှူးကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါကျောင်းသားများသည် ကျောင်းအပ်နှံစာရင်းနှင့် လချုပ်စာရင်းများတွင် ပါဝင်မှုမရှိခြင်း၊ အမှန်တကယ် ကျောင်းတက်ရောက်မှုနှင့် စစ်ဆေးခြင်း ၃ ကြိမ်ဖြေဆိုထားသည့် အထောက်အထားများ မရှိခြင်းတို့ကြောင့် မူဝါဒအရ ဖြေဆိုခွင့်မရှိသူများ ဖြစ်ကြသည်။ စည်းကမ်းဖောက်ဖျက်မှုကြောင့် နောင်ပညာသင်နှစ်တွင် ပိတ်သိမ်းရန် ဆုံးဖြတ်ထားသည့် အဆိုပါကိုယ်ပိုင်ကျောင်းမှ ကျောင်းသားများအနက် အမှန်တကယ်တက်ရောက်သည့် ကျောင်းသား ၈၀ ကိုသာ ဖြေဆိုခွင့်ပြုထားသော်လည်း ခရိုင်ပညာရေးမှူးက သတ်မှတ်ချက်နှင့်မညီသူများကိုပါ ကတ်ပြားများ ထုတ်ပေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ စိစစ်အရေးယူရန် ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။
သတ်မှတ်ချက်နှင့်မကိုက်ညီသူများကို စာမေးပွဲဖြေဆိုခွင့်ကတ်ထုတ်ပေးခဲ့သည့် စစ်ကိုင်းခရိုင်ပညာရေးမှူးကို အရေးယူရန် စိစစ်နေ
Feb 25 • 6:07 AM
Myanmar
Sagaing
Share
| 18 | 0 | 0 | 0 |


