back

လှိုင်သာယာစက်မှုဇုန်ရှိ ဖွဲစက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွား

Feb 25 • 1:59 AM

breaking-news

Myanmar

Yangon

cover

လှိုင်သာယာစက်မှုဇုန်ရှိ ဖွဲစက်ရုံတစ်ရုံ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အပိုင်း (၅) ရှိ ဖွဲစက်ရုံတစ်ရုံတွင် ဖေဖော်ဝါရီ ၂၄ ရက်၊ ည ၁၀ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖ...

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အပိုင်း (၅) ရှိ ဖွဲစက်ရုံတစ်ရုံတွင် ဖေဖော်ဝါရီ ၂၄ ရက်၊ ည ၁၀ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့က Level 1 ယာဉ်အုပ်စုဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ည ၁၁ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး လက်ရှိတွင် မီးလောင်ရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

38