back

နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ထိုင်း-မြန်မာ နယ်စပ် ၄ ခရိုင်ကို ကုန်စည်ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်

Feb 25 • 2:06 AM

breaking-news

Thailand

Local News

cover

နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ထိုင်း-မြန်မာ နယ်စပ် ၄ ခရိုင်ကို ကုန်စည်ထိန်းချုပ်နယ်မြေအဖြစ် သတ်မှတ်

နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ထိုင်းအစိုးရဟာ နယ်စပ်ဒေသတချို့ကို "ကုန်စည်ထိန်းချုပ်နယ်မ...

နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ထိုင်းအစိုးရဟာ နယ်စပ်ဒေသတချို့ကို "ကုန်စည်ထိန်းချုပ်နယ်မြေ" အဖြစ် သတ်မှတ်မယ့် အစီအစဉ်တစ်ရပ်ကို အစိုးရအဖွဲ့ အစည်းအဝေးမှာ တရားဝင် အတည်ပြုလိုက်ပါတယ်။ ဒီလုပ်ထုံးလုပ်နည်း အသစ်အရ လိုအပ်လာရင် အဲဒီနယ်မြေတွေမှာ အထူးအာဏာသုံးပြီး ပြင်းပြင်းထန်ထန် ကြပ်မတ်သွားမှာ ဖြစ်ပါတယ်။ဒီလို တင်းကျပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ရတဲ့ အဓိက အကြောင်းရင်းကတော့ နယ်စပ်ဒေသတွေမှာ ရောင်းချနေတဲ့ ကုန်စည်တချို့ဟာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကောလ်စင်တာ) တွေ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေနဲ့ တခြား ရာဇဝတ်ဂိုဏ်းတွေရဲ့ လက်ထဲကို ရောက်ရှိသွားပြီး သူတို့အတွက် အကျိုးအမြတ်တွေ ဖြစ်ထွန်းနေစေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီပစ္စည်းတွေကို တရားမဝင်တဲ့ နေရာတွေမှာ အသုံးပြုခွင့် မရစေဖို့ ကာကွယ်ရေးဝန်ကြီးဌာနက အခုလို ပစ်မှတ်ထား ကြပ်မတ်လိုက်တာ ဖြစ်ပါတယ်။အထူးသဖြင့် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကန်ချနပူရီ၊ ချင်းရိုင်၊ တာ့ခ် နဲ့ မယ်ဟောင်ဆောင် ခရိုင် ၄ ခုရဲ့ အစိတ်အပိုင်းတွေဟာ ဒီထိန်းချုပ်နယ်မြေတွေထဲမှာ အဓိက ပါဝင်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ အခြေစိုက် လှုပ်ရှားနေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ အန္တရာယ်ကို စိုးရိမ်မှုတွေ မြင့်တက်လာတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလကတည်းက အမျိုးသားလုံခြုံရေးကောင်စီက မြန်မာနယ်စပ်တစ်လျှောက် ကုန်စည်တင်ပို့မှုနဲ့ ဖြတ်သန်းသယ်ဆောင်မှုတွေကို အထူးတင်းကျပ်ဖို့ ဆုံးဖြတ်ခဲ့တာကို အခုလို လက်တွေ့ အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်။



news-view-count-icon

13