back

တရုတ်က နျူကလီးယား လက်နက်တိုက် ကြီးကြီးမားမားတိုးချဲ့နေတယ်လို့ အမေရိကန် ပြော

Feb 25 • 1:59 AM

breaking-news

China

Local News

cover

တရုတ်က နျူကလီးယား လက်နက်တိုက် ကြီးကြီးမားမားတိုးချဲ့နေတယ်လို့ အမေရိကန် ပြော

တရုတ်ဟာ သူတို့ရဲ့ နျူကလီးယား လက်နက်တိုက်ကို သိသိသာသာ တိုးချဲ့နေတယ်လို့ အမေရိကန်က ဖေဖော်ဝါရီ ၂၃ ရက်မှာ စွပ်စွဲပြီး ဘေဂျင်းက နျူကလီးယား လက်နက် စမ်းသပ်မှုတွေ လျှို...

တရုတ်ဟာ သူတို့ရဲ့ နျူကလီးယား လက်နက်တိုက်ကို သိသိသာသာ တိုးချဲ့နေတယ်လို့ အမေရိကန်က ဖေဖော်ဝါရီ ၂၃ ရက်မှာ စွပ်စွဲပြီး ဘေဂျင်းက နျူကလီးယား လက်နက် စမ်းသပ်မှုတွေ လျှို့ဝှက်ပြုလုပ်နေတယ်လို့ ထပ်မံ ပြောကြားလိုက်ပါတယ်။

တရုတ်အနေနဲ့ အနာဂတ် လက်နက် ထိန်းချုပ်ရေး သဘောတူညီမှုမှာ ပါဝင်ဖို့လည်း ဝါရှင်တန်က ထပ်မံ တောင်းဆိုလိုက်ပါတယ်။ထိပ်တန်း နျူကလီးယား အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်နဲ့ ရုရှုားကြား နျူကလီးယား လက်နက် ထိန်းချုပ်ရေး သဘောတူညီမှု အခုလ စောစောပိုင်းက သက်တမ်းကုန်သွားတာဟာ ဘေဂျင်း အပါအဝင် ပိုကောင်းတဲ့ သဘောတူညီမှု အသစ် တစ်ရပ် ရယူရေး ဖြစ်လာနိုင်တယ်လို့ ဝါရှင်တန်က ပြောပါတယ်။သုံးပွင့်ဆိုင် သဘောတူညီမှု အသစ်ရယူရေး ညှိနှိုင်းမှုတွေမှာ ပါဝင်ရေး တိုက်တွန်းချက်တွေကို တရုတ်က လူသိရှင်ကြား ငြင်းပယ်ထားပါတယ်။လက်နက် ထိန်းချုပ်ရေးနဲ့ မပြန့်ပွားရေးဆိုင်ရာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ခရစ္စတိုဖာ ယူးက အရင်က သဘောတူညီမှုမှာ လေးနက်တဲ့ အပြစ်အနာအဆာတွေ ရှိခဲ့တယ်လို့ ဂျီနီဗာမှာ ကျင်းပခဲ့တဲ့ လက်နက် ဖြုတ်သိမ်းရေး ညီလာခံမှာ ပြောကြားခဲ့ပါတယ်။အဲဒီ သဘောတူညီချက်ရဲ့ အကြီးမားဆုံး အားနည်းချက်ကတော့ တရုတ်ရဲ့ အလျင်အမြန် တမင်တကာ မကြုံစဖူး တည်ဆောက်ထားတဲ့ နျူကလီးယား လက်နက်တွေကို ထည့်မတွက်ခဲ့တာပဲ ဖြစ်တယ်လို့ ခရစ္စတိုဖာ ယူးက ဆိုပါတယ်။တရုတ်က သူတို့ရဲ့ နျူကလီးယား လက်နက်တိုက်ကို ပွင့်လင်းမြင်သာမှု မရှိဘဲ ကြီးကြီးမားမား အတိုင်းအတာနဲ့ တမင်တာ တိုးချဲ့နေတယ်လို့ သူက ပြောပါတယ်။ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံစလုံးမှာ နျူကလီးယား လက်နက် ၅,၀၀၀ ကျော်ရှိကြောင်း နိုဘယ် ငြိမ်းချမ်းရေးဆုရ တက်ကြွလှုပ်ရှားသူများ အဖွဲ့ ICAN ရဲ့ ဖော်ပြချက်အရ သိရပါတယ်။


news-view-count-icon

12