ဟောင်ကောင်နာမည်ကျော် ကလပ် ကစ်ချီအသင်းဟာ မြန်မာယူ-၂၂လက်ရွေးစင်ကစားသမား သူရိန်ထွန်းကို စာချုပ် ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်ပါတယ်။ သူရိန်ထွန်းဟာ ပေါ်တူဂီစတုတ္ထတန်းမှာ ကစားခဲ့ဖူးပြီး မြန်မာယူ-၂၂အသင်းနဲ့အတူ ဆီးဂိမ်းမှာလည်း ပါဝင်ကစားခဲ့ပါတယ်။ သူရိန်ထွန်းဟာ ကစ်ချီမှာ ကျောနံပါတ် ၃၃ ဝတ်ဆင်ကစားမှာဖြစ်တယ်လို့လည်း အသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။



