back

ဧရာဝတီတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ ၄၀,၀၀၀ နီးပါးရှိ

Feb 24 • 6:16 AM

breaking-news

Myanmar

Ayeyarwady

breaking-news
cover

ဧရာဝတီတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ ၄၀,၀၀၀ နီးပါးရှိ

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၅-၂၀၂၆ စာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း Grade12 ဖြေဆိုမည့် ကျောင်းသား ၃၉,၃၂၇ ရှိပြီး စာစစ်ဌာန ၂၄၇ ခုရှိကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြ...

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၅-၂၀၂၆ စာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း Grade12 ဖြေဆိုမည့် ကျောင်းသား ၃၉,၃၂၇ ရှိပြီး စာစစ်ဌာန ၂၄၇ ခုရှိကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီးတွင် ခရိုင် ၈ ခရိုင်ရှိပြီး ပုသိမ်ခရိုင်တွင် ၇၆၀၉ ဦး၊ ကျုံပျော်ခရိုင်တွင် ၄,၁၅၈ ဦး၊ မအူပင်ခရိုင်တွင် ၅,၆၈၅ ဦး၊ လပွတ္တာခရိုင်တွင် ၃,၂၁၃ ဦး၊ဖျာပုံခရိုင်တွင် ၅၈၀၆ ဦး၊ မြောင်းမြခရိုင်တွင် ၅,၆၇၉ ဦး၊ ဟင်္သါတခရိုင်တွင် ၄,၂၀၂ ဦးနှင့် မြန်အောင်ခရိုင်တွင် ၂,၉၇၅ ဦး တို့ အသီးသီးဝင်ရောက်ဖြေဆိုရန် စာရင်းရှိထားကြောင်း ပညာရေးမှူးထံမှ သိရသည်။



news-view-count-icon

24