back

ထိုင်းတွင် မတ်လ ၃၁ ရက်နေ့ နောက်ဆုံး အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးရန်ထုတ်ပြန်

Feb 24 • 5:15 AM

breaking-news

Thailand

Local News

cover

ထိုင်းတွင် မတ်လ ၃၁ ရက်နေ့ နောက်ဆုံး အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးရန်ထုတ်ပြန်

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာ၊ လာအိုနှင့် ဗီယက်နမ် အလုပ်သမားများအနေဖြင့် ၎င်းတို့၏ အလုပ်လုပ်ကိုင်ခွင့် (Work Permit) ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ...

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာ၊ လာအိုနှင့် ဗီယက်နမ် အလုပ်သမားများအနေဖြင့် ၎င်းတို့၏ အလုပ်လုပ်ကိုင်ခွင့် (Work Permit) ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ သက်တမ်းတိုးရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာန (DOE) က ထုတ်ပြန်လိုက်သည်။ အဆိုပါ သက်တမ်းတိုးခြင်းကို eworkpermit.doe.go.th အွန်လိုင်းစနစ်မှတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ လုပ်ငန်းစဉ်များ ပြီးမြောက်ပါက ၂၀၂၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ (၁) နှစ် ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။ အလုပ်ရှင်များသည် အလုပ်သမားများအတွက် လျှောက်လွှာကြေးနှင့် လက်မှတ်ကြေး စုစုပေါင်း ၁,၀၀၀ ဘတ်ကို သတ်မှတ်ရက်အတွင်း ပေးဆောင်ရမည်ဖြစ်ကာ၊ ဗီဇာ (Visa) ကိစ္စရပ်များကိုလည်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ထက် နောက်မကျဘဲ အပြီးသတ် ဆောင်ရွက်ရမည်ဖြစ်သည်။ သတ်မှတ်ရက် ကျော်လွန်ပါက အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးစလုံးကို ဥပဒေအရ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။
news-view-count-icon

18