မက္ကဆီကိုနိုင်ငံ၏ သြဇာကြီးမားလှသော "ဂျာလီစကို မျိုးဆက်သစ်" မူးယစ်ဂိုဏ်း၏ ခေါင်းဆောင် အသက် ၅၉ နှစ်အရွယ် အိုဆီဂဲရာသည် ဖေဖော်ဝါရီ ၂၂ ရက်က ဂျာလီစကိုပြည်နယ်တွင် စစ်တပ်နှင့် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်း မက္ကဆီကိုစစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ဂိုဏ်းခေါင်းဆောင် သေဆုံးပြီးနောက် ၎င်း၏လက်နက်ကိုင်များက လမ်းမများကို ပိတ်ဆို့ကာ ကားများကို မီးရှို့ခြင်းဖြင့် တုံ့ပြန်ခဲ့ကြသောကြောင့် နိုင်ငံအတွင်းရှိ ပြည်နယ် ၈ ခုတွင် ကျောင်းများကို ပိတ်ထားရသည့်အထိ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ အိုဆီဂဲရာသည် အမေရိကန်အစိုးရက ဖမ်းဆီးရမိရန်အတွက် ဒေါ်လာ ၁၅ သန်းအထိ ဆုငွေထုတ်ထားသည့် ထိပ်တန်းအလိုရှိ မူးယစ်ရာဇာတစ်ဦးဖြစ်ကြောင်း သိရသည်။
အမေရိကန်က ဒေါ်လာ ၁၅ သန်း ဆုငွေထုတ်ထားသည့် မက္ကဆီကို မူးယစ်ဂိုဏ်းချုပ် အိုဆီဂဲရာ စစ်တပ်နှင့် ပစ်ခတ်မှုအတွင်း သေဆုံး
Feb 24 • 5:13 AM
Myanmar
International
Share
| 17 | 0 | 0 | 0 |


