၂၄.၂.၂၀၂၆ ရက်ယနေ့၊ ၁၁ နာရီ၃၅ မိနစ်အချိန်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သစ်ဆိပ်ပင်ကျေးရွာရှိ ရာဘာမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးေလာင်ကြောင်း သတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ကျိုက္ကသာနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။



