back

ရန်ကုန်ကန်တော်ကြီးပတ်လမ်း၌ Road Bike စက်ဘီးပြိုင်ပွဲကျင်းပမည်၊ ပထမဆု ငွေကျပ် ၅ သိန်း ချီးမြှင့်မည်

Feb 24 • 5:01 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်ကန်တော်ကြီးပတ်လမ်း၌ Road Bike စက်ဘီးပြိုင်ပွဲကျင်းပမည်၊ ပထမဆု ငွေကျပ် ၅ သိန်း ချီးမြှင့်မည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲကို လာမည့် မတ်လ ၁၄ ရက်တွင် ကန်တော်ကြီးပတ်လမ်း၌ ကျင်းပ...

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲကို လာမည့် မတ်လ ၁၄ ရက်တွင် ကန်တော်ကြီးပတ်လမ်း၌ ကျင်းပသွားမည်ဖြစ်ရာ ပထမဆုအတွက် ငွေကျပ် ၅ သိန်းအပါအဝင် အဆင့် ၃၀ အထိ ဆုငွေများ ချီးမြှင့်သွားမည်ဖြစ်သည်။ ပြိုင်ပွဲကို နံနက် ၆ နာရီတွင် တင့်ကားကုန်းဝင်ပေါက်ရှေ့မှ စတင်တာလွှတ်မည်ဖြစ်ပြီး အမျိုးသားများ ၇ ပတ်နှင့် အမျိုးသမီးများ ၅ ပတ် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ပြိုင်စက်ဘီးလက်ကိုင်အကောက် (Drop Bar) နှင့် ရှေ့/နောက် ဘရိတ်ပါရှိသော စက်ဘီးများဖြင့်သာ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် မတ်လ ၁၃ ရက် နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်ပြီး ကျောနံပတ်များကို မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ရုံး၌ ထုတ်ယူနိုင်ကြောင်း သိရသည်။

news-view-count-icon

26