back

မြောက်လန်ဒန်ဒါဘီ၌ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်၏ ချန်ပီယံဖြစ်နိုင်ခြေ ၈၂ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာ

Feb 24 • 5:12 AM

breaking-news

Myanmar

International

cover

မြောက်လန်ဒန်ဒါဘီ၌ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်၏ ချန်ပီယံဖြစ်နိုင်ခြေ ၈၂ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာ

အာဆင်နယ်အသင်းသည် မနေ့ညက မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် စပါးအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေ ၆ ရာခိုင်နှုန်းခန့် မြင့...

အာဆင်နယ်အသင်းသည် မနေ့ညက မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် စပါးအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ခြေ ၆ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း Opta Analyst က ခန့်မှန်းထုတ်ပြန်ခဲ့သည်။ မူလက ချန်ပီယံဖြစ်နိုင်ခြေ ၇၆.၆၄ ရာခိုင်နှုန်းရှိရာမှ ၈၂.၈၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်ပြီး ပြိုင်ဘက် မန်စီးတီးအသင်း၏ ဖြစ်နိုင်ခြေမှာမူ ၂၂.၂၀ ရာခိုင်နှုန်းမှ ၁၆.၃၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ မန်စီးတီးသည် အာဆင်နယ်ထက် တစ်ပွဲလျော့နည်းနေပြီး ၅ မှတ်အကွာဖြင့် ရပ်တည်နေသော်လည်း Opta ၏ ခန့်မှန်းချက်အရ အာဆင်နယ်က ချန်ပီယံဆုအတွက် အခြေအနေသာလွန်နေကာ အက်စတွန်ဗီလာ၊ လီဗာပူးလ်နှင့် မန်ယူအသင်းတို့မှာမူ ချန်ပီယံဖြစ်နိုင်ခြေ ၁ ရာခိုင်နှုန်းအောက်တွင်သာ ရှိတော့ကြောင်း သိရသည်။

news-view-count-icon

17