back

ပုသိမ်ပညာရေးဒီဂရီကောလိပ်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ဆရာအတတ်ပညာတက္ကသိုလ်အဖြစ် တိုးမြှင့်မည်

Feb 24 • 4:59 AM

breaking-news

Myanmar

Ayeyarwady

cover

ပုသိမ်ပညာရေးဒီဂရီကောလိပ်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ဆရာအတတ်ပညာတက္ကသိုလ်အဖြစ် တိုးမြှင့်မည်

ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ပညာရေးဒီဂရီကောလိပ်ကို လာမည့် ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ပုသိမ်ဆရာအတတ်ပညာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြ...

ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ပညာရေးဒီဂရီကောလိပ်ကို လာမည့် ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ပုသိမ်ဆရာအတတ်ပညာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက ကောလိပ်နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထက်တန်းပြဆရာ၊ ဆရာမများ ဖြစ်လာနိုင်သည့် အခွင့်အလမ်းများရှိသဖြင့် ကြိုးစားသင်ယူကြရန် တိုက်တွန်းခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် ဆရာ၊ ဆရာမများကို မိမိတို့ဒေသတွင် ဦးစားပေးတာဝန်ချထားပေးမည်ဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် ဆရာလောင်းများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ စံပြဖြစ်အောင် နေထိုင်ကြရန်နှင့် ကျရာဒေသတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်မည့် ခံယူချက်ကောင်းများ ထားရှိကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

37