back

ဆည်တော်ကြီးရေလှောင်တမံမှ နွေစပါးနှင့် သီးနှံစိုက်ဧက ၇၃,၀၀၀ ကျော်အတွက် စိုက်ပျိုးရေ ပြည့်ဝစွာ စတင်ပေးဝေ

Feb 24 • 4:56 AM

breaking-news

Myanmar

Mandalay

cover

ဆည်တော်ကြီးရေလှောင်တမံမှ နွေစပါးနှင့် သီးနှံစိုက်ဧက ၇၃,၀၀၀ ကျော်အတွက် စိုက်ပျိုးရေ ပြည့်ဝစွာ စတင်ပေးဝေ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်တော်ကြီးရေလှောင်တံမံမှ ရေသောက်ဧရိယာအတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ နွေစပါးနှင့် နွေသီးနှံစိုက်ဧက ၇၃,၈၀၃ အတွက် စိုက်ပျိုးရေများက...

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်တော်ကြီးရေလှောင်တံမံမှ ရေသောက်ဧရိယာအတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ နွေစပါးနှင့် နွေသီးနှံစိုက်ဧက ၇၃,၈၀၃ အတွက် စိုက်ပျိုးရေများကို ဖေဖော်ဝါရီလ တတိယအပတ်မှစတင်၍ ပြည့်ဝစွာပေးဝေလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ ပုသိမ်ကြီး၊ မတ္တရာနှင့် အမရပူရမြို့နယ်များရှိ တောင်သူများ စိုက်ပျိုးရေအတွက် စိုးရိမ်မှုမရှိစေရန် တူးမြောင်းများတွင် အသိပေးကြေညာထားပြီး ဖေဖော်ဝါရီ ၂၂ ရက် တိုင်းထွာချက်အရ ဆည်အတွင်း အသုံးပြုနိုင်သည့် ရေပမာဏ ဧကပေ ၃၂၆,၇၂၀ ကျော် သိုလှောင်ထားရှိသဖြင့် စိုက်ပျိုးရေကို လုံလောက်စွာ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

17