အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာအစီအစဉ် (APTERR) အရ ကိုးရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၁,၆၂၀ ကို မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယားသံရုံးနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဖေဖော်ဝါရီ ၂၂ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန်ရိက္ခာများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများထံသို့ ပြန်လည်ဖြန့်ဝေပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်များသို့ စနစ်တကျ ဆက်လက်ခွဲဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။



