back

ရန်ကုန်မြို့မှဒလသို့ ပြေးဆွဲနေသည့် YBS ယာဉ်များ မထွက်ခွာခင် သေချာစွာစစ်ဆေးရမည်

Feb 24 • 4:51 AM

breaking-news

Myanmar

Local

breaking-news
cover

ရန်ကုန်မြို့မှဒလသို့ ပြေးဆွဲနေသည့် YBS ယာဉ်များ မထွက်ခွာခင် သေချာစွာစစ်ဆေးရမည်

ရန်ကုန်မြို့မှ ဒလမြို့သို့ပြေးဆွဲနေသည့် YBS ယာဉ်များ မထွက်ခွာခင် သေချာစွာစစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း YRTC မှ သိရသည်။ဒလတိုးဂိ...

ရန်ကုန်မြို့မှ ဒလမြို့သို့ပြေးဆွဲနေသည့် YBS ယာဉ်များ မထွက်ခွာခင် သေချာစွာစစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း YRTC မှ သိရသည်။ဒလတိုးဂိတ်၌ YBS ယာဉ်ပေါ်မှ ကလေးငယ်တစ်ဦးပြုတ်ကျ‌ေ-သဆုံးပြီးနောက်ပိုင်း ယင်းကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဖေဖော်ဝါရီ ၂၃ ရက်ညနေပိုင်းက ဒလတိုးဂိတ်၌ YBS ယာဉ်ပေါ်က‌ ကလေးငယ်တစ်ဦး ပြုတ်ကျ‌ေ-သဆုံးခဲ့ကြောင်း၊ အဆိုပါကလေးငယ်သည် အသက် (၅) နှစ်သာရှိသေးပြီး အဒေါ်ဖြစ်သူနှင့် ရန်ကုန်ဘက် ဝါဖြေရန်သွားရောက်ပြီး အပြန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။‌ေ-သဆုံးသွားသည့်ကလေးငယ်အတွက် သက်ဆိုင်ရာယဉ်လိုင်းကုမ္ပဏီမှ လျော်ကြေးငွေပေးသွားမည်ဖြစ်ပြီး ယာဉ်မောင်းကိုလည်း အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ရန်ကုန်မြို့မှ ဒလမြို့သို့ YBS ယာဉ်အစီးရေ ၃၀ ဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်သည်။



news-view-count-icon

29