လူတစ်ယောက် အသက်ဘယ်လောက်ရှည်လဲဆိုတာ မျိုးဗီဇပစ္စည်းများအပေါ် မူတည်ပြီး ကျန်းမာနေထိုင်မှုပုံစံတွေနဲ့ အနည်းငယ် ဆွဲဆန့်နိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဆိုပါတယ်။မျိုးဗီဇအရ အသက် ၈၀ လောက် နေရတဲ့သူဟာ အသက် ၁၀၀ အထိတော့ ဆွဲဆန့်လို့ မရနိုင်ပါဘူး။ အစ္စရေးလ် ဝစ်ဇ်မန်းတက္ကသိုလ်မှ ယူရီအယ်လွန်နဲ့ အခြားသုတေသီများက အသက် ၁၀၀ ကျော်ရှိတဲ့ အမေရိကန် ၄၄၄ ဦးရဲ့ မွေးချင်း ၂,၀၉၂ ဦးကို လေ့လာပြီး ဘယ်လိုအဖြစ်အပျက်တွေက သက်ရောက်နေလဲဆိုတာ လေ့လာခဲ့ကြပါတယ်။ ကျန်းမာစွာ နေထိုင်မှုပုံစံက အရေးကြီးပေမယ့် ဘဝသက်တမ်းကတော့ များသောအားဖြင့် မျိုးရိုးနဲ့ ဆိုင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ထင်ထားသလို အသက်ကို ထိန်းချုပ်နိုင်စွမ်းမရှိဘူးလို့ အီလီနွိုက်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျေအိုရှန်စကီက ပြောပါတယ်။ လေ့လာချက်ထဲမှာတော့ အသက်အရွယ်နဲ့ မဆိုင်တဲ့ သေဆုံးအကြောင်းအရင်းတွေကို ထည့်မတွက်ထားပါဘူး။
| 28 | 0 | 0 | 0 |


