သီတဂူဆရာတော်ကြီး တည်ထောင်တော်မူသည့် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်ကို နိုင်ငံတော်အသိအမှတ်ပြု တက္ကသိုလ်အဖြစ် ကျင်းပသော နဝမအကြိမ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးတွင် အတည်ပြုသတ်မှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အသိအမှတ်ပြုလွှာကို သန်လျင်မင်းကျောင်းဆရာတော်ကြီးက ပေးအပ်တော်မူရာ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် ဒေါက်တာသီတဂူတိက္ခသာရနှင့် ဌာနမှူးဆရာတော်များက လက်ခံရယူခဲ့ကြသည်။ ဤသို့ နိုင်ငံတော်အသိအမှတ်ပြု တက္ကသိုလ်အဖြစ် သတ်မှတ်ခံရခြင်းကြောင့် အဆိုပါတက္ကသိုလ်မှ ပေးအပ်သည့် ဘွဲ့ဒီဂရီများနှင့် ပညာရေးကဏ္ဍမှာ ပိုမိုခိုင်မာလာမည်ဖြစ်သည်။
Feb 24 • 4:31 AM
Myanmar
Local
Share
| 47 | 0 | 0 | 0 |


