back

မြစ်ကြီးနားမြို့၌ ကချင်မျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက နှီးနှောဖလှယ်ပွဲ ပထမဆုံးအကြိမ် ကျင်းပ

Feb 24 • 4:34 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမြို့၌ ကချင်မျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက နှီးနှောဖလှယ်ပွဲ ပထမဆုံးအကြိမ် ကျင်းပ

မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ် (WHG) မှ ကြီးမှူး၍ ကချင်မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု အဆို၊ အက နှီးနှောဖလှယ်ပွဲကို မြစ်ကြီးနားမြို့၊ စ...

မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ် (WHG) မှ ကြီးမှူး၍ ကချင်မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု အဆို၊ အက နှီးနှောဖလှယ်ပွဲကို မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်းရှိ မဂျွယ်ခန်းမ၌ ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်၍ တိုင်းရင်းသားမျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ခင်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန် တိုက်တွန်းပြောကြားကာ ထောက်ပံ့ငွေကျပ်သိန်း ၂၀ ပေးအပ်ခဲ့သည်။ နှီးနှောဖလှယ်ပွဲတွင် ဂျိမ်းဖော၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါး၊ လီဆူနှင့် ရဝမ် စသည့် ကချင်မျိုးနွယ်စုဝင် ယဉ်ကျေးမှုအဖွဲ့များက မိမိတို့၏ သမိုင်းကြောင်း၊ အစဉ်အလာနှင့် ဒေသအလှအပများကို ဖော်ကြူးထားသည့် တေးသီချင်းများ၊ ရိုးရာအကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ သရုပ်ဖော်တင်ဆက်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

20