ပုသိမ်မြို့ ဘိုးဘွားရိပ်သာတွင် အဘိုးအဘွား ၃၇ ဦးစောင့်ရှောက်ထားရှိပြီး အလှူရှင်များ၏ နေ့စဥ်လှူဒါန်းမှုများဖြင့် ရပ်တည်နေကြောင်း အဆိုပါဘိုးဘွားရိပ်သာမှ သိရသည်။ပုသိမ်မြို့၊ ဘိုးဘွားရိပ်သာကို စက်တော်ရာဘုရားဝန်းအတွင်း ပုသိမ်မြို့ခံ သူဌေးများနှင့် ပြည်သူများ စုပေါင်းလှူဒါန်းမှုဖြင့် ၁၉၈၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ကာ အဘိုး၊ အဘွား ၅၀ဦးထိ လက်ခံနိုင်ကြောင်း သိရသည်။လက်ရှိအချိန်အတွင် အဘိုး ၁၃ဦးနှင့် အဘွား၂၄ဦး လက်ခံစောင့်ရှောက်ပေးထားပြီး တစ်နေ့လျှင် ထမင်းနှစ်ကြိမ်၊အဆာပြေအဟာရ နှစ်ကြိမ်ကျွေးမွေးလျက်ရှိကြောင်း၊ ယင်းသို့ကျွေးမွေးသည့် တစ်နေ့တာကုန်ကျစားရိတ်အနေဖြင့် ကျပ် ၄၅၀,၀၀၀ ကျသင့်ကြောင်း သိရသည်။



