မန္တလေးတိုင်းဒေသကြီးအတွင်း လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန်နှင့် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ၉ နှစ်တာကာလအတွင်း စိုက်ပျိုးစရိတ်နှစ်ဆင့်ချေးငွေ ကျပ်သန်းပေါင်း ၂၃,၀၀၀ ကျော် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ အဆိုပါချေးငွေဖြင့် တောင်သူများသည် လယ်ထွန်စက်ကြီးများ၊ ရိတ်သိမ်းခြွေလှေ့စက်များနှင့် အခြားစက်ကိရိယာများကို သက်ဆိုင်ရာကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူနိုင်ပြီး၊ စည်းကမ်းချက်နှင့် ကိုက်ညီသော တောင်သူများအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံစွာတင်ပြ၍ မိမိတို့မြို့နယ်ရှိ ဘဏ်ခွဲများတွင် ဆက်လက်လျှောက်ထားနိုင်ကြောင်း သိရသည်။
မန္တလေးတိုင်းရှိ တောင်သူများအတွက် လယ်ယာသုံးစက်ကိရိယာဝယ်ယူရန် ၉ နှစ်အတွင်း ချေးငွေကျပ်သန်း ၂၃,၀၀၀ ကျော် ထုတ်ချေးပေးခဲ့
Feb 24 • 4:14 AM
Myanmar
Mandalay
Share
| 16 | 0 | 0 | 0 |


