မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၁၄၁ ကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းမှစတင်ကာ ကျင်းပလျက်ရှိကြောင်း သိရသည်။ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ဖြေဆိုကြရာတွင် Grade-5 မှ ကျောင်းသား၊ ကျောင်းသူ ၃,၇၂၂ ဦးနှင့် Grade-9 မှ ၂၀၃ ဦး၊ စုစုပေါင်း ၃,၉၂၅ ဦးတို့က အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
Feb 24 • 4:12 AM
Myanmar
Mon
Share
| 16 | 0 | 0 | 0 |


