နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်(ငြိမ်း)၊ နိုင်ငံတော်ဩဝါဒါစရိယ၊ သက်တော် (၁၀၄) နှစ်၊ သိက္ခာတော် (၈၄) ဝါရှိ ကျေးဇူးတော်ရှင် ဘဒ္ဒန္တဩသဓာဘိဝံသ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကိဠနပူဇာသဘင်ကို ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၌ ကဏ္ဍ (၃) ပိုင်းဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူခြင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရုပ်ကလာပ်တော်အား လွှမ်းခြုံပူဇော်ခြင်း၊ သဝဏ်လွှာများဖတ်ကြားခြင်းနှင့် မစိုးရိမ်တိုက်သစ်ဆရာတော်ထံမှ တရားတော်နာယူ ရေစက်ချခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ဒုတိယပိုင်းနှင့် တတိယပိုင်းအစီအစဉ်များအဖြစ် ရုပ်ကလာပ်တော်အား ပင့်ဆောင်ပူဇော်ခြင်းနှင့် လောင်တိုက်တော်တွင် သံဃာတော်များ၊ ဒါယကာ၊ ဒါယိကာမများက အန္တိမအဂ္ဂိဈာပန မီးပူဇော်ခြင်းတို့ကို စနစ်တကျ ပြုလုပ်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သက်တော် (၁၀၄) နှစ်၊ သိက္ခာတော် (၈၄)ဝါရှိ ကျေးဇူးတော်ရှင် ဘဒ္ဒန္တဩသဓာဘိဝံသ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကိဠနပူဇာသဘင်ကျင်းပပြီးစီး
Feb 24 • 4:07 AM
Myanmar
Local
Share
| 29 | 0 | 0 | 0 |


