မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲစဉ်တစ်ခုအဖြစ် ထိပ်သီးရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့သည် လာမည့် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်နှင့် သရေကျခဲ့သော်လည်း ယခုရာသီ သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် ပွဲတိုင်းကို အနိုင်ရရှိထားသည့် မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းရန် ပြင်ဆင်ထားသည်။ လက်ရှိ ပွဲစဉ် ၁၈ အပြီးတွင် ရှမ်းယူနိုက်တက်သည် ရမှတ် ၄၃ မှတ်ဖြင့် ဇယားအဆင့် (၂) တွင် ရပ်တည်နေပြီး ISPE အသင်းမှာမူ ရမှတ် ၂၅ မှတ်ဖြင့် အဆင့် (၆) တွင် ရပ်တည်နေကာ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၄၅ မှတ်ဖြင့် ဇယားထိပ်ဆုံး၌ ဆက်လက်ဦးဆောင်နေကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ လာမည့်ဖေဖော်ဝါရီ ၂၅ ရက်တွင် ယှဉ်ပြိုင်ကစားမည်
Feb 24 • 4:02 AM
Myanmar
Local
Share
| 25 | 0 | 0 | 0 |


