back

MNL 2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲ အုပ်စုပွဲစဉ်မဲခွဲပွဲ ပြုလုပ်

Feb 24 • 3:59 AM

breaking-news

Myanmar

Local

cover

MNL 2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲ အုပ်စုပွဲစဉ်မဲခွဲပွဲ ပြုလုပ်

လာမည့် ၂၀၂၆-၂၇ မြန်မာနေရှင်နယ်လိဂ်-၂ (MNL II) သို့ တန်းတက်ခွင့်ရမည့် MNL 2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို  ဖေဖော်ဝါရီ ၂...

လာမည့် ၂၀၂၆-၂၇ မြန်မာနေရှင်နယ်လိဂ်-၂ (MNL II) သို့ တန်းတက်ခွင့်ရမည့် MNL 2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို 

 ဖေဖော်ဝါရီ ၂၃ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပခဲ့ရာ အသင်းပေါင်း ၁၁ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကို မတ်လ ၁ ရက်မှ ၁၅ ရက်အထိ ဗဟန်းကွင်း (M-3) နှင့် စက်ဘီးလေ့ကျင့်ရေးကွင်း (TF-1) တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး၊ အုပ်စု (A) တွင် ၆ သင်းနှင့် အုပ်စု (B) တွင် ၅ သင်းခွဲ၍ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲ၌ ပထမနှင့် ဒုတိယဆု ရရှိသည့် အသင်းနှစ်သင်းသည် MNL II သို့ တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကာ ဗိုလ်လုပွဲကို မတ်လ ၁၅ ရက်တွင် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

21