back

ကမ္ဘာ့လေထုအညစ်ညမ်းဆုံးထိပ်ဆုံးပိုင်းမြို့ထဲတွင် ရန်ကုန်မြို့ပါဝင်နေ

Feb 24 • 3:57 AM

breaking-news

Myanmar

Yangon

breaking-news
cover

ကမ္ဘာ့လေထုအညစ်ညမ်းဆုံးထိပ်ဆုံးပိုင်းမြို့ထဲတွင် ရန်ကုန်မြို့ပါဝင်နေ

ဒီနေ့ (၂၀၂၆၊ ဖေဖော်ဝါရီ ၂၄) မှာ မြန်မာနိုင်ငံ၊ရန်ကုန်ရဲ့ လေထုက ကမ္ဘာ့အညစ်ညမ်းဆုံး မြို့ကြီးတွေစာရင်းမှာ ထိပ်ဆုံးပိုင်းအထိ ရောက်နေတာကို တွေ့ရတယ်လို့လေထုတိုင်းတာရ...

ဒီနေ့ (၂၀၂၆၊ ဖေဖော်ဝါရီ ၂၄) မှာ မြန်မာနိုင်ငံ၊ရန်ကုန်ရဲ့ လေထုက ကမ္ဘာ့အညစ်ညမ်းဆုံး မြို့ကြီးတွေစာရင်းမှာ ထိပ်ဆုံးပိုင်းအထိ ရောက်နေတာကို တွေ့ရတယ်လို့လေထုတိုင်းတာရေး websiteတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။AQI ၂၂၇ ဆိုတဲ့အဆင့်ဟာ "အလွန်ကျန်းမာရေးမကောင်းသော" (Very Unhealthy) အဆင့်ဖြစ်ပြီး ခရမ်းရောင် (Purple) အဆင့်လို့ သတ်မှတ်ပါတယ်။ ဒီအဆင့်ဟာ ရန်ကုန်မြို့အတွက် တကယ့်ကို သတိထားရမယ့် အနေအထားဖြစ်တယ်လို့ဆိုပါတယ်။

’အခုရက်ပိုင်းမှာ မြန်မာနိုင်ငံဟာ လေထုညစ်ညမ်းတာတွေခံစားနေရလို့ အများပြည်သူအနေနဲ့ အထူးသတိထားဖို့လိုတယ်”လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကလည်း Mercury Newsကို ပြောကြားထားပါတယ်။

အမေရိကန်နိုင်ငံ လေထုတိုင်းတာရေး websiteတွေရဲ့ ဖော်ပြချက်အရAQI ၂၂၇ (Very Unhealthy) အဆင့်ရှိတဲ့အတွက် လူတိုင်း ကျန်းမာရေး ထိခိုက်နိုင်ခြေ အလွန်များပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နှလုံး/အဆုတ်ရောဂါ အခံရှိသူတွေအတွက် အရေးပေါ်အခြေအနေလို့တောင် ပြောလို့ရပါတယ်။လက္ခဏာတွေအနေနဲ့ အသက်ရှူရခက်ခဲခြင်း၊ ရင်ကျပ်ခြင်း၊ မျက်စိစပ်ခြင်းနဲ့ အားအင်ကုန်ခမ်းခြင်းတို့ကို သိသိသာသာ ခံစားရနိုင်ပါတယ်။

အခုလိုအချိန်မှာ အရေးတကြီး လိုက်နာရန်အချက်တွေကတော့ အပြင်ထွက်ခြင်းကို ရှောင်ပါ: အထူးသဖြင့် မနက်စောစော လေ့ကျင့်ခန်းလုပ်တာ ဒါမှမဟုတ် အပြင်မှာ အချိန်အကြာကြီးနေတာကို လုံးဝရှောင်သင့်ပါတယ်။N95/KN95 Mask မဖြစ်မနေတပ်ပါ: ရိုးရိုး Surgical Mask တွေက PM 2.5 အမှုန်အမွှားတွေကို မတားဆီးနိုင်ပါဘူး။ပြတင်းပေါက်များ ပိတ်ထားပါ: အိမ်ထဲကို ပြင်ပလေ မဝင်အောင် တံခါးတွေ ပိတ်ထားပြီး လေသန့်စက် (Air Purifier) ရှိရင် အမြင့်ဆုံးအဆင့်နဲ့ ဖွင့်ထားပါ။ကျန်းမာရေး သတိပြုပါ: အသက်ရှူရခက်ခဲတာ၊ ရင်ဘတ်အောင့်တာမျိုး ဖြစ်လာရင် နီးစပ်ရာ ဆေးခန်း/ဆေးရုံကို ချက်ချင်းသွားပါလို့အကြံပြုထားပါတယ်။

news-view-count-icon

33