တတိယအကြိမ်မြောက် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကို လာမည့် မတ်လအတွင်း စတင်ကျင်းပမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် အသီးသီးထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော်အစည်းအဝေးကို မတ်လ ၁၆ ရက်တွင်လည်းကောင်း၊ အမျိုးသားလွှတ်တော်အစည်းအဝေးကို မတ်လ ၁၈ ရက်တွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အစည်းအဝေးများကို မတ်လ ၂၀ ရက်တွင်လည်းကောင်း အသီးသီးစတင်ကျင်းပသွားမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့၏ ထုတ်ပြန်ချက်များအရ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ရက်များအလိုက် တက်ရောက်ရန် ပြင်ဆင်ကြရမည်ဖြစ်ကြောင်း သိရသည်။
| 52 | 0 | 0 | 0 |


