back

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ မတ် ၁၃ ရက်နောက်ဆုံးထားသတင်းပို့ရမည်

Feb 24 • 3:54 AM

breaking-news

Myanmar

Local

cover

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ မတ် ၁၃ ရက်နောက်ဆုံးထားသတင်းပို့ရမည်

လာမည့် မတ်လ ၁၈ ရက်တွင် နေပြည်တော်၌ စတင်ကျင်းပမည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မတ်လ ၁၂...

လာမည့် မတ်လ ၁၈ ရက်တွင် နေပြည်တော်၌ စတင်ကျင်းပမည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မတ်လ ၁၂ ရက်နှင့် ၁၃ ရက်အတွင်း အမျိုးသားလွှတ်တော်ရေးရာဆောင် (I-19) သို့ သတင်းပို့ရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်လိုက်သည်။ လွှတ်တော်ကိုယ်စားလှယ်များအတွက် တည်းခိုရန်နေရာများကို နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်နှင့် တပ်မတော်သားကိုယ်စားလှယ်များအတွက် ရွာတော်ရှိ တည်းခိုရေးစခန်းတို့တွင် အသီးသီး စီစဉ်ပေးထားကြောင်း သိရသည်။

news-view-count-icon

21