နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် တပ်ကုန်း၊ လယ်ဝေးနှင့် ဒက္ခိဏသီရိမြို့နယ်များရှိ လူနေအိမ် စုစုပေါင်း ၄၅၉ လုံးနှင့် စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေအများအပြား အမိုးလန်ခြင်းနှင့် ဘေးကာများ ယိုင်လဲခြင်းများ ဖြစ်ပွားခဲ့ပြီး လယ်ဝေးမြို့နယ်တွင် အိမ်ခြေ ၂၃ လုံး ပြိုကျပျက်စီးခဲ့ကာ လက်ရှိတွင် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကလည်း လေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုကြောင့် ဖေဖော်ဝါရီ ၂၆ ရက်အထိ မိုးထစ်ချုန်းရွာခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ ကြိုတင်သတိပြုရန် အသိပေးထုတ်ပြန်ထားသည်။
နေပြည်တော်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ် ၃ ခုရှိ အိမ်ခြေ ၄၅၀ ကျော်နှင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီး
Feb 24 • 4:17 AM
Myanmar
Naypyidaw
Share
| 19 | 0 | 0 | 0 |


