back

ပါကစ္စတန်နိုင်ငံသား(၁၁)ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်း

Feb 24 • 3:46 AM

breaking-news

Myanmar

Kayin

cover

ပါကစ္စတန်နိုင်ငံသား(၁၁)ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံလွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလုပ်ငန်းများနှင့် ဒုစရိုက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် ပါကစ္စတန်နိုင်ငံသား ၁၁ ဦးကို ဖေဖော်ဝါရီ ၂...

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလုပ်ငန်းများနှင့် ဒုစရိုက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည့် ပါကစ္စတန်နိုင်ငံသား ၁၁ ဦးကို ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့တွင်ပင် တရားမဝင် ဝင်ရောက်လာသည့် အိန္ဒိယနိုင်ငံသား ၂ ဦးကိုလည်း ထပ်မံဖော်ထုတ်နိုင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်မှ ယနေ့အထိ မြဝတီမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း ၁၄,၂၀၈ ဦးကို ထိန်းသိမ်းစစ်ဆေးနိုင်ခဲ့ပြီး ၎င်းတို့အနက် ၁၃,၁၂၈ ဦးကို ဥပဒေနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးပြီးဖြစ်ကာ ကျန်ရှိသူ ၁,၀၈၀ ဦးကိုလည်း ဆက်လက်လွှဲပြောင်းပေးရန် ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရသည်။

news-view-count-icon

15