ကင်ဆာနဲ့ ပတ်သက်လာရင် ဘာမှမတတ်နိုင်ဘူးလို့ ထင်နေကြပေမယ့် လေ့လာချက်အသစ်မှာတော့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မယ့် နည်းလမ်းအများအပြား ရှိနေပါတယ်။ ကင်ဆာရောဂါအားလုံးရဲ့ သုံးပုံတစ်ပုံကျော်လောက်ဟာ ကာကွယ်လို့ရနိုင်တယ်လို့ WHO က ဆန်းစစ်ထားပါတယ်။
ဆေးကုသမှုများ၊ အလေ့အကျင့် ပြောင်းလဲမှုများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု တိုက်ဖျက်မှုများဖြင့် နှစ်စဉ် ကင်ဆာကြောင့်သေဆုံးမှုများစွာကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲလို့ရတဲ့ အလေ့အကျင့်တွေထဲမှာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ခန္ဓာကိုယ်ညွှန်းကိန်းမြင့်မားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ခြင်း၊ ကွမ်းစားခြင်း၊ လေထုညစ်ညမ်းခြင်း၊ ခရမ်းလွန်ရောင်ခြည်ဓာတ်များခြင်း၊ ရောဂါပိုးမွှားများ၊ လုပ်ငန်းခွင်အန္တရာယ်များ ပါဝင်ပါတယ်။



