တရုတ်နှစ်သစ်ကူး အားလပ်ရက်အပြီးတွင် ကား Showroom များ ပြန်လည်ဖွင့်လှစ်လာပြီးနောက် မော်တော်ယာဉ်အရောင်းအဝယ်များ ပြန်လည်သွက်လက်လာကာ ဘဏ်လုပ်ငန်းများမှာလည်း ပုံမှန် (Business As Usual) အတိုင်း လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။ ကားအရောင်းအဝယ်နှင့် လုပ်ငန်းလည်ပတ်မှု ငွေသားလိုအပ်ချက်ကြောင့် ဘဏ်များမှ ငွေထုတ်ယူမှုမှာ ပုံမှန်အခြေအနေတွင်သာရှိနေပြီး၊ လက်ရှိတွင် လုပ်ငန်းသုံး Pickup ကားများနှင့် ဆီစားသက်သာသည့် Hybrid ကားများ အရောင်းအဝယ် ပြန်လိုက်နေကြောင်း ကားဝယ်ရောင်းလောကမှ သိရသည်။ ပုဂ္ဂလိကဘဏ်တာဝန်ရှိသူများကလည်း အခြေအမြစ်မရှိသော စိုးရိမ်စိတ်ဖြင့် ငွေများကို အလောတကြီး ထုတ်ယူခြင်းသည် ရပိုင်ခွင့်ရှိသည့် အတိုးဝင်ငွေများကိုသာ ဆုံးရှုံးစေနိုင်သဖြင့် ပုံမှန်အတိုင်းသာ ဆောင်ရွက်ကြရန် အကြံပြုထားကြောင်း ဖော်ပြထားသည်။
Feb 24 • 3:42 AM
Myanmar
Local
Share
| 25 | 0 | 0 | 0 |


