back

တိုက်စစ်မှူး မိုဂူး (၆) လမှ (၈) လကြာ အနားယူရမှာဖြစ်ပြီး ရန်ကုန်ယူနိုက်တက်က ပြန်ကောင်းတဲ့အထိ တာဝန်ယူပေးမယ်

Feb 24 • 2:56 AM

breaking-news

Myanmar

International

cover

တိုက်စစ်မှူး မိုဂူး (၆) လမှ (၈) လကြာ အနားယူရမှာဖြစ်ပြီး ရန်ကုန်ယူနိုက်တက်က ပြန်ကောင်းတဲ့အထိ တာဝန်ယူပေးမယ်

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ကင်မရွန်းတိုက်စစ်မှူး မိုဂူး ခြေသလုံးရိုးကျိုးဒဏ်ရာ ခွဲစိတ်ကုသမှုပြုလုပ်ပြီးနောက် ခြောက်လမှ ရှစ်လကြာအထိ အနားယူရမှာဖြစ်ပြီး ရန်ကုန်ယူနိ...

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ကင်မရွန်းတိုက်စစ်မှူး မိုဂူး ခြေသလုံးရိုးကျိုးဒဏ်ရာ ခွဲစိတ်ကုသမှုပြုလုပ်ပြီးနောက် ခြောက်လမှ ရှစ်လကြာအထိ အနားယူရမှာဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းဘက်က ကစားသမား ပြန်ကောင်းတဲ့အထိ တာဝန်ယူပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ကင်မရွန်းတိုက်စစ်မှူး မိုဂူးဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ ရက်က MNL ပွဲစဉ် ၁၈ အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ပွဲမှာ ခြေသလုံးရိုးကျိုးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ Counter ကနေ မိုဂူး ဘောလုံးရယူ ပြေးဆွဲလာရာ ရှမ်းယူနိုက်တက်အသင်း နောက်ခံလူ ရဲမင်းသူက ခြေစုံပစ်ဝင်ကာ ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့လို့ မိုဂူးကို ထမ်းစင်နဲ့ ကွင်းအတွင်းကနေ သယ်ထုတ်ခဲ့ရပြီး ချက်ချင်းဆိုသလို အာရှတော်ဝင်ဆေးရုံကို ပိုဆောင်ခဲ့ရပါတယ်။ ပွဲကို တာဝန်ယူကိုင်တွယ်တဲ့ ကွင်းလယ်ဒိုင်ဟာ မိုဂူးကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်း နောက်ခံလူ ရဲမင်းသူကို အစောပိုင်းမှာ အဝါကတ်သာ ပြသခဲ့ပြီး မိုဂူးရဲ့ ခြေသလုံးရိုးကျိုး ဒဏ်ရာကို မြင်တွေ့ပြီးမှသာ အနီကတ်အဖြစ် ပြောင်းလဲပြသခဲ့ခြင်းဖြစ်ပါတယ်။ ဆေးရုံကို ရောက်ရှိပြီးနောက် မိုဂူးရဲ့ ဒဏ်ရာကို ဓာတ်မှန်များရိုက်ပြီး ဆရာဝန်များက စစ်ဆေးပြီး တဲ့အခါ ခြေသလုံးရဲ့ ပင်မအရိုးနဲ့ ဘေးအရိုး နှစ်ချောင်းကျိုးသွားခဲ့ကြောင်း အတည် ပြုခဲ့ပါတယ်။ အဲ့ဒီနောက် မိုဂူးကို ဖေဖော်ဝါရီ ၂၁ ရက်ညနေမှာ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ပြီး ဘောလုံးပြန်ကစားနိုင်ဖို့ ခြောက်လမှ ရှစ်လအထိ အနားယူရမှာဖြစ်ကြောင်း ဆရာဝန်များက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

news-view-count-icon

23