ပြည်တွင်းဘဏ်တွေက အကန့်အသတ်နဲ့ ငွေသားထုတ်ပေးနေတာကြောင့် စျေးကွက်အတွင်းမှာ ငွေစက္ကူ ရှားပါးလာပြီး အရောင်းအဝယ်လုပ်တာမှာ Kpay အပါအဝင် အွန်လိုင်းငွေပေးချေမှူဆိုရင်တချို့ကအလက်မခံတာတွေရှိလာတယ်လို့စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ပြည်သူတွေကပြောပါတယ်။စျေးကွက်အတွင်း ငွေစက္ကူရှားပါးလာတာကြောင့် စျေးဆိုင်တချို့က E-Money အွန်လိုင်းကနေငွေပေးချေတာ( ဥပမာ Kpay ၊ ဘဏ်အကောင့်တွေကနေ ငွေပေးချေတာ)ကိုလက်မခံဘဲ ငွေသားနဲ့ပေးချေနိုင်မှသာ အရောင်းအဝယ်လုပ်ရတယ်လို့လုပ်ငန်းရှင်အချို့ကပြောပါတယ်။"တနေ့က ကြက်ကြော်သွားဝယ်တာကေပေးနဲ့ ရှင်းမရဘူးပြောတယ်။ငွေသားပေးမှ ရတယ်တဲ့။ ငွေသားမပါဘူးဆို ဝယ်မရဘူးလားမေးတော့ မရဘူးပြောတယ်။ သူတို့က ခပ်ပြတ်ပြတ်ပဲ"လို့ စျေးဝယ်ခဲ့သူတစ်ဦးက ပြောပါတယ်။



