ချန်ပီယံလိဂ် knockout phase play-off အဆင့် ပထမအကျော့မှာ ရီးယဲလ်မက်ဒရစ်ကစားသမား ဗင်နီရှပ်စ်ကို လူမျိုးရေးခွဲခြားမှုစွဲချက်နဲ့ဘင်ဖီကာကစားသမား ပရက်စတီယန်နီကို ကနဦး တစ်ပွဲ ပိတ်ပင်ခဲ့ပါတယ်။ပရက်စတီယန်နီကတော့လူမျိုးရေးခွဲခြားမှုစွဲချက်ကို အစောပိုင်းကတည်းက ငြင်းဆန်ခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က ကစားခဲ့တဲ့ ယင်းပထမအကျော့ပွဲမှာ ဗင်နီရှပ်စ်က သူ့ကို ပရက်စတီယန်နီကနေ လူမျိုးရေးခွဲခြားတယ်ဆိုပြီး ဒိုင်လူကြီးကို တိုင်ကြားခဲ့တာဖြစ်တယ်။အဲဒီဖြစ်စဉ်မှာ ဗင်နီရှပ်စ်နဲ့ အသင်းဖော်တွေ ကွင်းပြင်ထွက်သွားခဲ့လို့ ပွဲကိုလည်း ၁၀ မိနစ်လောက် ရပ်နားခဲ့ပါတယ်။



