back

ထိုင်းတွေက အင်္ဂလိပ်စကားမပြော၊ Google Translate မသုံးဘဲ ရိုင်းတယ်လို့ ဘလော့ဂါတစ်ဦးပြော

Feb 24 • 2:52 AM

breaking-news

Thailand

Local News

cover

ထိုင်းတွေက အင်္ဂလိပ်စကားမပြော၊ Google Translate မသုံးဘဲ ရိုင်းတယ်လို့ ဘလော့ဂါတစ်ဦးပြော

Farah Shams လို့အမည်ရတဲ့ လူ ၂.၄ သန်းကျော် ပရိသတ်ရှိ ဆိုရှယ်မီဒီယာ Blogger တစ်ဦးက TikTok မှာ ထိုင်းလူမျိုးတွေရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူဆိုပြီး ဝေမျှခဲ့ပါတယ်။ဒီ ...

Farah Shams လို့အမည်ရတဲ့ လူ ၂.၄ သန်းကျော် ပရိသတ်ရှိ ဆိုရှယ်မီဒီယာ Blogger တစ်ဦးက TikTok မှာ ထိုင်းလူမျိုးတွေရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူဆိုပြီး ဝေမျှခဲ့ပါတယ်။ဒီ Video မှာ View ပေါင်း ၄ သိန်းကျော်ရှိခဲ့ပြီး သူက ထိုင်းက အရမ်းချစ်ဖို့ကောင်းတဲ့နေရာဖြစ်ပေမယ့် ထိုင်းဒေသခံတွေက နိုင်ငံခြားသားတွေကို မလေးမစားလုပ်တယ်လို့ပြောပါတယ်။သူက ထိုင်းဒေသခံတွေကို အင်္ဂလိပ်လို စကားပြောတဲ့အခါ သူတို့က ပြန်ပြောဖို့ မကြိုးစားဘဲ ဥပေက္ခာပြုသွားတာတွေလုပ်တယ်လို့ဆိုပါတယ်။ဒီ Video နာမည်ကြီးတဲ့နောက် ထိုင်းတွေကလည်း ဝင်ပြောနေကြပြီး “မလာနဲ့” လို့ ပြောသူတွေရှိသူလို၊ တချို့ကလည်း သူကိုယ်တိုင် ဘာသာပြန် App ထုတ်သုံးပါလားလို့ ပြောနေကြပါတယ်။ ထိုင်းတွေကလည်း သူတို့နိုင်ငံကိုလာရင် လူတိုင်းက အင်္ဂလိပ်လို မပြောနိုင်လို့ နိုင်ငံခြားသားတွေအနေနဲ့ ဘာသာပြန် App တွေကို သုံးပါလို့ ပြောကြပါတယ်။လက်ရှိထိတော့ သူ့ ရပ်တည်ချက်ကို Shams က လုံးဝမပြောင်းဘဲ ထိုင်းတွေ သူ့ကို မလေးမစားမလုပ်ခင်အထိ သူက ယဥ်ကျေးခဲ့ပြီး အခုလို တင်တာအတွက် ပြန်ဖျက်တာတွေ ဘာတွေလုပ်သွားမှာ မဟုတ်သလို၊ သူ့ကို တိုက်ခိုက်နေကြပေမယ့် သူ့စကားပေါ် သူရပ်တည်တယ်လို့ ပြောထားပါတယ်။

news-view-count-icon

13