back

တနင်္သာရီတိုင်း၊မြိတ်တွင် အုန်းသီးဈေး ထက်ဝက်ကျော် ကျဆင်း

Feb 24 • 2:52 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း၊မြိတ်တွင် အုန်းသီးဈေး ထက်ဝက်ကျော် ကျဆင်း

တနင်္သာရီတိုင်း၊မြိတ်မြို့တွင် အုန်းသီးဈေး ထက်ဝက်ကျော် ကျဆင်းသွားပြီး တစ်လုံးလျှင် ငွေကျပ် ၁,၅၀၀ ဝန်းကျင်သာ ဈေးပေါက်နေကြောင်း မုန့်လုပ်သူအချို့နှင့် အုန်းသီးကုန...

တနင်္သာရီတိုင်း၊မြိတ်မြို့တွင် အုန်းသီးဈေး ထက်ဝက်ကျော် ကျဆင်းသွားပြီး တစ်လုံးလျှင် ငွေကျပ် ၁,၅၀၀ ဝန်းကျင်သာ ဈေးပေါက်နေကြောင်း မုန့်လုပ်သူအချို့နှင့် အုန်းသီးကုန်သည်များထံမှ သိရသည်။၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်က အုန်းသီးရှားပါးကာ ဝယ်ယူရခက်ခဲသည့်အတွက် အုန်းသီးတစ်လုံးလျှင် ကျပ် ၄,၀၀၀ အထိ ဈေးတက်ခဲ့ရာမှ ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ဈေးကျလာခြင်းဖြစ်ကြောင်း အုန်းသီးကုန်သည်အချို့က ဆိုသည်။ယမန်နှစ်ကမူ အုန်းသီးရှားပါးပြီး တစ်လုံးလျှင် ကျပ် ၄,၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်သွားသဖြင့် မုန့်လုပ်သူများ အခက်တွေ့ခဲ့ကြောင်း မြို့ခံမုန့်လုပ်ရောင်းသူအချို့က ဆိုသည်။“ဈေးကျသွားတော့ မုန့်လုပ်သမားတွေအတွက် ဝမ်းသာစရာပေါ့။ အုန်းသီးဝယ်ရတာလည်း အရင်ကလို မခက်ခဲတော့ဘူး။ ပေါပေါများများ ရနေတယ်။ သင်္ကြန်ကလည်း နီးနေပြီဆိုတော့ ဈေးကတော့ ပြန်တက်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

news-view-count-icon

18