back

စင်ကာပူ Punggol Waterway Point အနီး လမ်းသွားလမ်းလာတွေကို ရေအိတ်နဲ့ ပစ်ပေါက်ခဲ့တဲ့ လူငယ်၄ဦး အဖမ်းခံရ

Feb 24 • 2:50 AM

breaking-news

Singapore

Local News

cover

စင်ကာပူ Punggol Waterway Point အနီး လမ်းသွားလမ်းလာတွေကို ရေအိတ်နဲ့ ပစ်ပေါက်ခဲ့တဲ့ လူငယ်၄ဦး အဖမ်းခံရ

စင်ကာပူနိုင်ငံ၊ Punggol နယ်မြေအတွင်းမှာ အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်တဲ့ ရမ်းကားတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်လို့ သံယယရှိရတဲ့ အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက် လ...

စင်ကာပူနိုင်ငံ၊ Punggol နယ်မြေအတွင်းမှာ အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်တဲ့ ရမ်းကားတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်လို့ သံယယရှိရတဲ့ အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက် လူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က လက်ရှိမှာ စုံစမ်းစစ်ဆေးနေပါတယ်။ ပထမဖြစ်စဉ်ကတော့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညသန်းခေါင် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာပါ။ Punggol Waterway Point အနီးက Park Connectors လမ်းလျှောက်လမ်းမှာ အဆိုပါ ဆယ်ကျော်သက်တွေဟာ အရည်ကြည်တွေ ဖြည့်ထားတဲ့ ပလတ်စတစ်အိတ်တွေနဲ့ ပလတ်စတစ်ပုလင်း အခွံတွေကို လမ်းသွားလမ်းလာတွေဆီ ပစ်ပေါက်ခဲ့ကြတာ ဖြစ်ပါတယ်။ဒါတင်မကသေးဘဲ နောက်ထပ် ၃ ရက်အကြာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညသန်းခေါင်ယံမှာလည်း Punggol Drive တစ်လျှောက်မှာ ကားလမ်း ၃ လမ်းစလုံးကို ပိတ်ဆို့ပြီး Traffic Cones တွေကို ချထားခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး Ang Mo Kio ရဲဌာနခွဲက အရာရှိတွေဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ကျူးလွန်သူ လူငယ် ၄ ဦးကို ဖော်ထုတ်နိုင်ခဲ့တာပါ။ လက်ရှိမှာတော့ ဒီလူငယ် ၄ ဦးဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးစစ်ဆေးမှုကို ခံယူနေရပြီ ဖြစ်ပါတယ်။

news-view-count-icon

9