back

ပဲခူးတိုင်း၊တောင်ငူ ဘူတာရုံသစ်စီမံကိန်းအနီး လယ်မြေများကို အကွက်ရိုက် ရောင်းထားမှုများ ဖယ်ရှားခံရ

Feb 24 • 2:44 AM

breaking-news

Myanmar

Bago

cover

ပဲခူးတိုင်း၊တောင်ငူ ဘူတာရုံသစ်စီမံကိန်းအနီး လယ်မြေများကို အကွက်ရိုက် ရောင်းထားမှုများ ဖယ်ရှားခံရ

ပဲခူးတိုင်း၊ တောင်ငူမြို့ (၁၈) ရပ်ကွက်ရှိ ကျုံးပတ်လမ်းနှင့် အသစ်ဖောက်လုပ်နေသည့် ဘူတာရုံသစ်ကို ဆက်သွယ်ထားသော ကုန်ထုတ်လမ်းဘေးရှိ လယ်မြေများအား ကျောက်တိုင်စိုက် အ...

ပဲခူးတိုင်း၊ တောင်ငူမြို့ (၁၈) ရပ်ကွက်ရှိ ကျုံးပတ်လမ်းနှင့် အသစ်ဖောက်လုပ်နေသည့် ဘူတာရုံသစ်ကို ဆက်သွယ်ထားသော ကုန်ထုတ်လမ်းဘေးရှိ လယ်မြေများအား ကျောက်တိုင်စိုက် အကွက်ရိုက်ရောင်းချထားမှုများကို လာရောက်ဖယ်ရှားခဲ့ကြောင်း သိရသည်။အဆိုပါမြေကွက်များသည် အောက်ခြေဌာနဆိုင်ရာများနှင့်ပေါင်းကာ လယ်မြေမှ မြို့မြေအဖြစ် လက်သိပ်ထိုးပြောင်းလဲထားပြီး အမည်ပေါက်ဂရံများ ထုတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ မြေကွက်များမှာ အနံ ၂၀ ပေ၊ အလျား ၈၀ ပေ တစ်ကွက်လျှင် ကျပ်သိန်း ၅၀၀ မှ ၆၀၀ ဝန်းကျင် အထိ အရောင်းအဝယ်ဖြစ်နေပြီး ဘူတာရုံသစ်၏ ကုန်ထုတ်လမ်းဘေးတွင်ရှိကာ ဂရံမြေဖြစ်သည် ဟုဆိုသဖြင့် အလုအယက် ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယခုအခါ လယ်မြေများဖြစ်သည်ဟုဆိုကာ လာရောက်တားဆီး ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။


news-view-count-icon

48