back

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးတွင် ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲပြုလုပ်

Feb 24 • 2:44 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မန္တလေးတွင် ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲပြုလုပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာနနှင့် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ တို့ပူးပေါင်းဖွင့်လှစ်သည့် ကွင်းဆင်းဆောင်ရွက်...

မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာနနှင့် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ တို့ပူးပေါင်းဖွင့်လှစ်သည့် ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေး သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး Win Unity Hotel တွင်ပြုလုပ်ခဲ့ပါသည်။သင်တန်းဖွင့်ပွဲသို့ အသင်း အလုပ်အမှုဆောင်နှင်အတူ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များနှင့်တာဝန်ရှိသူများ၊ လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်မည့်ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ပါသည်။သင်တန်းကို ဖေဖော်ဝါရီလ(၂၃) ရက်နေ့မှ (၂၄)ရက်နေ့ အထိ (၂)ရက်တာ ပြုလုပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးရှိမြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂၀)ဦး တက်ရောက်လျက်ရှိပါသည်။



news-view-count-icon

31