back

မြန်မာ့လက်ဖက်ခင်းပုံ ၂၀၀ ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

Feb 24 • 2:43 AM

breaking-news

Myanmar

Local

cover

မြန်မာ့လက်ဖက်ခင်းပုံ ၂၀၀ ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သော မြန်မာ့လက်ဖက်ကို ဂုဏ်ပြုသောအားဖြင့် "မြန်မာ့လက်ဖက်ခင်းပုံ" ပါရှိသည့် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်ကို လာမည့...

မြန်မာနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သော မြန်မာ့လက်ဖက်ကို ဂုဏ်ပြုသောအားဖြင့် "မြန်မာ့လက်ဖက်ခင်းပုံ" ပါရှိသည့် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်ကို လာမည့် ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။ အဆိုပါ တံဆိပ်ခေါင်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာတိုက်ကြီးများ၌ တစ်ပြိုင်တည်း ရောင်းချသွားမည်ဖြစ်သည်။ ထို့ပြင် အထူးအစီအစဉ်အဖြစ် ရောင်းချသည့် ပထမရက်တွင် ဝယ်ယူသော တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (First Day Cover) များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်များကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး ဗဟိုစာတိုက်ကြီးများ၌ ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

42